Thursday, April 3, 2014

Reading Habbit For Myanmar Youth

28.03.2014
မြန်မာလူထုစာဖတ်အားကျသွားပြီလား!
စိုးမြတ်နွယ် မွေးကတည်းက အဖေ နှင်.အမေ ကစာအုပ်အငှားဆိုင်ဖွင်.၍ ၇ပ်တည်ခဲ.ကြသည်။ အဲဒီခတ်က လူကြီးလူငယ်မရွေးစာအုပ်ဖတ်ကြသည်။ ကလေးငယ်များလည်းကာတွန်းဖတ်ကြသည်
စာအုပ်တော်တော်ငှားကောင်း၍ စီးပွားရေးအဆင်ပြေကာ ရပ်တည်နိုင်ခဲ.ကြသည်။ ၁၉၇၆ ခုနှစ်ထင်သည် အဖေ အရေးအခင်းမှာ ထောင် ၂နှစ် ကျ တော.အမေ.မှာ ကလေးတစ်ဖက် ကိုယ်ဝန်တဖက်နှင်. အဖေ.ကိုထောင်ဝင်စာ တွေ.နိုင်ဖို. အဲဒီ စာအုပ်အငှားဆိုင်ကပဲ ပံ.ပိုးပေးနိုင်ခဲ.သည်။
အဲဒီနောက်တွင် ကက်ဆက်ခွေများပေါ်လာသည်။ လူတွေအာရုံ က ကက်ဆက်ခွေနောက်အတော်များများရောက်ကုန်ကြသည်။ ဆိုင်က စာအုပ်နှင်.ကက်ဆက်ခွေအငှားဆိုင်ဖြစ်လာခဲ.သည်။
မြန်မာပြည်တွင်အဲဒီခေတ်အခါက လူတန်းစားကွာဟမှုအခုလိုမကြီးမား။ လူတန်းစားမေ၇ွး စာဖတ်နိုင်သည်။ကက်ဆက်သီချင်းနားထောင်နိုင်သည်။
၈၈ အရေးခင်းနောက်ပိုင်းတွင် ဏ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်းတွင် လူတန်းစားကွာဟမှုသည်ကြီးသထက်ကြီးလာကာ လူချမ်းသာလူနည်းစု နှင်. လူဆင်းရဲများသာဖြစ်လာခဲ.ပြီး လူလတ်တန်းစားများမှေးမှိန်လာခဲ.သည်ထင်သည်။ စာပေ ကို လူလတ်တန်းစားများကအများဆုံးဖတ်လေ.၇ှိကြသည်။ ယခုအခါ Internet နှင်. Facebook ခေတ်တွင်ကားလူအများစုသည် ဆူလွယ်နပ်လွယ်သတင်းများလောက်နှင်.သာ ကျေနပ်နေကြသည်ထင်သည်။ စားဝတ်နေေ၇းဖြေရှင်းနေ၇င်း ထို လောက်သတင်းနှင်.သာကျေနပ်ရောက်.၇ဲ နေပြီး စာဖတ်အားတွေပိုလျော.သွားကြသည်လားမပြောတတ်။ စာမဖတ်သောလူငယ်များများလာလျှင်တိုင်းပြည်အနာဂတ်ပိုဆိုးဖို.သာဖြစ်လာပေချေတော.မည်။
ရသည်.အခွင်.အရေးနှင်.စာဖတ်ချင်းအလေ.အကျင်.များပျိုးထောင်ပေးရန်လိုအပ်နေပြီဟုတွေးမိပါသည်။

No comments:

Post a Comment