Monday, July 13, 2015

၂၉၊ ဇွန်၊ ၂၀၁၅။
ဂရိရဲ.အစ- ဂရိရဲ. အဆုံး
အင်ပါယာအစ- အင်ပါယာအဆုံး
ဂရိနိုင်ငံဆိုတာ ဆိုကရေးတီး ၊ ပလေတို၊ အရစ္စတိုတယ် လို ကမ္ဘာ. အတွေးအခေါ် ပညာရှင်ဖီလော်ဆိုဖာဘိုးအေကြီး တွေ မွေးထုတ်ခဲ.တဲ. နိုင်ငံ။
အနောက်ယဉ်ကျေးမှု အစ ၊ ဂရိက လို. ပြော ရမယ်။ ဂရိတွေသာ မစခဲ. ရင် အနောက်အုပ်စု ယဉ်ကျေးမှု ဆိုတာ ရှိလာမှာမဟုတ်ဘူး။ ဒီမိုကရေစီ ဆိုတာလည်း အလုံး လား အပြားလားတောင် သိမှာ မဟုတ်ဘူး။
သမိုင်းတွေရဲ. ဖခင် ဟီရိုဒိုးတပ်စ် (Herodotus)၊ အေသင်နဲ. စပါတာ စစ်ပွဲတွေကို သမိုင်းအနေနဲ. ရေးသားခဲ.တဲ. သမိုင်း ဆိုတာကို သိပ္ပံ နည်းကျ ကျရေးသား မှတ်တမ်းတင်ခဲ. တဲ. သူစီဒီးဒပ်စ် ( Thucydides) ၊ ဂရိ သိပ္ပံ ပညာရှင်၊ သင်္ချာ ပညာရှင် အာခီမီးဒီးစ်၊ အရ စ္စတားကပ်စ် လို နက္ခတ် ဗေဒနဲ. သင်္ချာ ပညာရှင်၊ အနောက်တိုင်းဆေး သိပ္ပံ ရဲ. ဖခင်ကြီး ဟစ်ပို ကရေးတပ်စ် ( Hippocrates) ၊ သင်္ချာ မှာ မသင်မနေရ ပိုက်သာဂိုးရပ်စ် သီအိုရီ ရဲ. ဖခင်ကြီး ဖီလော်ဆော်ဖီ ဘိုးအေ ကြီး ပိုက်သာဂိုးရပ်စ် ၊ ကမ္ဘာ မြေအနှံ.ခြေဆန်. ပြီး စစ်ပွဲတွေ ဆင်နွှဲ အောင်ပွဲ တွေ ဆင်ခဲ. ပြီး ဂရိအင်ပါယာ ကို ကြီး သထက်ကြီး ကျယ်သထက် ကျယ်စေခဲ. သူ အလက်ဇန်းဒါး သ ဂရိတ် နဲ. ဒီမိုကရေစီ ကို လမ်းကြောင်းချပေးခဲ. တဲ. ဖခင်ကြီး ကလိုက်စ်သီးနပ်းစ် ( Cleisthenes) တို. ကို မွေးထုတိပေး ခဲ. တဲ. ဘူမိနက်သန်ဟာဂရိ အင်ပါယာကြီး ဖြစ်တယ်။ အိုလံပစ် ကစား ပွဲ ဆို တာ ကလည်း ဂရိပဲ စခဲ.တာ မဟုတ်လား။

အခု ကိုယ်တွေ အမြတ်တနိုး ကိုးကွယ်နေတဲ. ဗုဒ္ဓ ရဲ. ဆင်းတု တော် တွေရဲ.အစဟာ ဂရိ ကြောင့် လို. တောင် ပြော လို. ရတယ်။
ပထမဆုံးသော ဗုဒ္ဓ ရုပ်တုတွေ ဆင်းတု တော်တွေ ကို ၁ ရာစု၊ ၂ ရာစု နှစ်လောက်မှာ အာဖကန်နစ်စတန် နဲ. ပါကစ္စတန် နိုင်ငံ မြောက်ပိုင်း ကြား က Bactria မှာ စတင် ထု လုပ်ခဲ. တယ်၊ အဲဒီ ဒေသ တွေ အထိ ဂရိ တွေ က ခြေ ဆန်. ခဲ. တာ ကိုး။ ရုပ်တု ပညာတွေ ကလည်း ဂရိ မှာ ထွန်းကား နေပြီ ဆို တော. ဗုဒ္ဓ. ကို ရုပ်တု ထု လုပ်ခဲ. ခြင်းဟာ ဂရိရဲ. သြဇာ လွှမ်းမိုး မှု ကြောင့် လို. တောင် သမိုင်းပညာရှင် အချို. က ဆို ကြပါ တယ်။
အချို. အစော ပိုင်း ဗုဒ္ဓ ရဲ. ရုပ်တု တွေဟာ ဂရိ ရုပ်တု တွေရဲ. မျက်နှာ မျိုး နဲ. ခပ်ဆင်ဆင် ဖြစ်နေတာ တွေ. ရပါ တယ်။ နောက်ပိုင်းမှာ မှ ကိုယ့် ဒေသ ကိုယ့် အနုပညာ လက်ရာ ပေါ် မူ တည် ပြီး ဗုဒ္ဓ ရဲ. မျက်နှာ ပုံ သဏ္ဍန်၊ ဟန်အနေအထား အမျိုးမျိုး ကွဲ သွား တယ် လို. ယူဆ လို. ရပါ တယ်။
ဆို တော. ဂရိရဲ. အကြွေး ကို ဆင်းတုကိုးကွယ်တဲ. ဓလေ. ရလာတဲ. ဗုဒ္ဓ ဘာသာ တွေ မှာ တောင် တင် နေတယ် လို. ဆို လို. ရပါ တယ်။
လူ. သမိုင်း မှာ အရမ်း ကြီး ကျယ်ခမ်းနား ခဲ. တဲ. ဂရိ၊ ကြွယ်ဝ ခဲ. တဲ. ဂရိ အင်ပါယာ ကြီးဟာ အခု တော. စီး ပွား ရေးကပ်ဆိုက် ပြီး ပျက်သုန်း လု နီးပါး နဲ. အတိ ဒုက္ခ. ရောက်နေ ရပြီ ဖြစ်ပါ တယ်။
အင်ပါယာ ဆို တာ တကယ်တော. တစ်ဗိုလ်တက် ၊ တစ်ဗိုလ် ဆင်းပဲ မဟုတ်ပါလား။
ဘယ်အင်ပါယာ မှ မမြဲ ဘူး ဆို တာ ဂရိ က သက်သေ ထူ ပြ နေပါ တယ်။
အစ ဆို တာ ရှိရင် အဆုံး ဆို တာ ရှိစမြဲ မို. ဂရိကို ကြည့် ရင်း သံဝေဂ ရမိ ကြောင်းပါ။
အင်ပါယာ စပြီး ရင် ဖြင့် အင်ပါယာ ဆုံး ရလေသတည်း။ ။
စိုးမြတ်နွယ်
နိုဝင်ဘာ ၈
ရွေးကောက်ပွဲက နိုဝင်ဘာ ၈ ရက်နေ. တဲ.။
ဗေဒင်ဆရာ ပြောင်းသွားလို. လားမသိဘူးလို. တွေးမိပါတယ်။
ဦးနေဝင်း တုန်း က ၉ ဂဏန်း သိပ်ကြိုက်တယ်လို. မှတ်သာဖူး လို. ပါ။ ဘာလုပ်လုပ်၉ ဂဏန်းနေ. မှာ လုပ်တယ်လို. ကြားဖူးပါတယ်။
မြန်မာ အုပ်ချုပ်သူတွေဟာ အင်မတန် မှ ဗေဒင် ယတြာ နဲ. ဗေဒင်ကိန်းဂဏန်းတွေယုံကြည် ကြတယ်။ မြန်မာပြည်ကို ဗေဒင်ကိန်းဂဏန်းတွေနဲ. တွက်ချက်ပြီး ယတြာ ချေသင့် တာချေ တယ်။
အဲဒါ ကလည်း ကမ္ဘာ ကျော် သွားစေတဲ. အချက်တစ်ချက်ထဲမှာ ပါပါတယ်။
ထူးဆန်းသော အုပ်ချုပ်မှု နဲ. စီမံခန့် ခွဲ မှု အတတ်ပညာလို. ပြော ရမယ် ထင်ပါတယ်။

SMN
11.07.2015
Say ဆောရီး
မြန်မာ နိုင်ငံတွင်မွေးဖွားကြီးပြင်းလာသူ ဖြစ်သောကြောင့် မြန်မာတို.၏ ဂွကျကျ မာန မျိုး စိုးမြတ်နွယ်တွင်ရှိခဲ.သည်။ ကိုယ်မှားရင်တောင် ဘယ်တော. မှ ဆောရီး ဟု မပြော သည့် မူဝါဒ ဓလေ. စရိုက်တို. နှင့် ကျင်လည် ခဲ. ပြီး တလွဲမာန ရှိခဲ.ဖူးသည်။
မြန်မာ အုပ်ချုပ်သူတို. သည် မာန ကြီး သလောက်တလွဲတွေ များသည်။ အလကားနေရင်း ဘဝင်မြင့် နေသူများ များပြားလေသည်။ ကျိုး နွံ စွာ ကိုယ်မသိသည်ကို သိအောင်ခံယူလိုစိတ်မရှိ၊ မသိလည်း ကျွန်တော်/ကျွန်မ မသိပါဟု ဆို ၍ ဆောရီးပြော လိုစိတ်မရှိ။ ကိုယ်မှားရင်တောင်မမှားသယောင် ရမ်းတုတ်တတ်ကြသည့် ဓလေ.ရှိသည်။
ဆောရီးဟု တလုံးပြောလိုက်ရမှာ ကို သေမလောက်ကြောက်သည်။ အကြီးမှ အငယ်ဆိုလျင်ကားပြောဖွယ်မရှိ။ အဖေတစ်ယောက်က မှားသည်ကို ကိုယ်မှားပါသည်ဟု သားသမီးအားတောင်းပန် ခြင်းမရှိ။ ဝါအားဖြင့် အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ရာထူးအားဖြင့် ကြီးနေသူသည် ငယ်သူအား ဆောရီး ပြောရိုး ထုံးစံမရှိသည့် မြန်မာ ပြည်ဖြစ်သည်။
မသိသည်ကို သိသယောင်နှင့် ရမ်းတုတ်၍၊ မှားသည်ကို လူ. အခွင့်အရေးလို သဘောထား၍ ခပ်တည်တည်ဆက်မှားကြသည့်၊ အလကားနေရင်းမာနကြီးတတ်သော ဓလေ. သည် အင်မတန်ဆိုးရွားကြောင်း နိုင်င.ံအပြင်ရောက်မှ၊ သူများ၏ ထုံးတမ်းစဉ်လာတွေနှင့် ထိတွေ.မှ အသေအချာ မြင်တွေ. နားလည် လာရသည်။

စိုးမြတ်နွယ် ၏သား သည် မြန်မာ ပြည်တွင် မကြီး ပြင်း သည့် အတွက်အခြား ကောင်းမွန်သောမြန်မာ.ဓလေ. ယဉ်ကျေးမှု များနှင့် အနီးကပ် မနေရသော်လည်း အသက်၂နှစ်အရွယ်မှ စ၍ ဆောရီး တွင်တွင် ပြောတတ်သလို၊ လူကြီးတွေတစ်ခုခု မှားသည်ဟု ယူဆလျှင် Say Sorry ဟု အသက်၂ နှစ်အရွယ်ကပင် တောင်းဆို တတ်သည်။ အဲဒီအတွက် ဝမ်းသာ ရသည်။ ကိုယ်မှားသည့် အခါတိုင်းဆောရီး ပြောရသည်။
အမှား ပြု သူ သည် အရွယ်မရှိ၊ အမျိုးမရှိ၊ငွေကြေးပမာဏမရှိ၊ ရာထူးမရှိ မှားသူသာ ဖြစ်သည့် အတွက် ဆောရီး ကို နက်ရှိုင်းစွာ ပြော ဆို တောင်းပန်သင့် လေ၏။
ထိုမှမဟုတ်လျှင်ကား အမှန်နှင့် ဝေးကာ အမှားသံသရာ ဆက်လည်ကြဦးမည်သာ ဖြစ်လေသတည်း။
ထို.ကြောင့် Say ဆောရီး ဟု တိုက်တွန်းလိုက်ရပါသည်။
SMN
ဒီမိုကရေစီဆိုတော. လည်း
ဒီမိုကရေစီဆိုတော. လည်း....
လူများ ကြိုက်အောင် လုပ်ကြရတာပေါ.။
ဒီမိုကရေစီနိုင်ငံထူထောင်ရာမှာ်ဒေါ်အောင်ဆန်းစုကြည် က သူ. ကို ထောက်ခံဖို. တစ်မတ်ဖိုး ကြိုးစားရင်၊ လက်ရှိအာဏာယူထားတဲ. အစိုးရ က တစ်ရာဖိုးမက ကြိုးစား ရလိမ့်မယ်။
အာဏာ ရယူထားတဲ. သူ ကတစ်ပန်းသာတာ ကို အသုံးမချတတ်တော. အဆများစွာ ကြိုးစားပြပြီး လူထု ရဲ. Genuine စစ်မှန်သော ထောက်ခံမှု ကို ရယူရလိမ့် မယ်။
ဒေါ်အောင်ဆန်းစုကြည် က လက်ထဲ မှာ လုပ်ပိုင်ခွင့်အာဏာ မရှိ ပေမယ့် moral authority ရှိတယ်။ လူထု အများစု က အလိုလို ကြည်ညို မှု ခံနေရတဲ. အာဏာ ကို ရယူထား တယ်။
ဘယ်လိုပဲဖြစ်ဖြစ်
အဲဒီ အာဏာ ၂ ပါး ပေါင်းစည်း လုပ်ကိုင်နိုင်မှ နိုင်ငံ တိုးတက်မယ်။
တစ်ယောက်နဲ.တစ်ယောက် သူငါ ပြိုင်နေရင် နိုင်ငံအတွက်အကျိုးမရှိဘူး။ တစ်ယောက်အကျိုးယုတ်ရာတစ်ယောက်လုပ်နေရင် အရှုံးသမား က ပြည်သူနဲ. နိုင်ငံပဲ။

လက်ရှိအစိုးရမှာပြု ပြင်စရာ၊ လိုအပ်နေတာ၊ ဖြည်းတည်းစရာ၊ သင်ယူစရာတွေ အများကြီးပဲ။
အလားတူပဲ NLD အတွက် သင်ယူစရာ၊ လေ.လာစရာ၊ ထူထောင်စရာ တွေတစ်ပုံ ကြီး ရယ်။
နွား သေးခွက်ထဲ က ဖားငယ်လို စိတ်ထားတွေ ဘယ် ဘက်ကမှ မရှိသင့် ဘူး။
ကျွန်မမဲပေးခွင့် ရအောင်ကြိုးစားနေတယ်။ NLD ကို ပေးမှာပဲ။ အပြောင်းအလဲ လိုချင်လို.။
ဒါပေမယ့် အာဏာ ၂ ပါး တစိယောက်နဲ. တစ်ယောက် လင်လုဖက်တွေလို မဆက်ဆံပဲ၊ ပါရမီ ဖြည့် ဖက်တွေလို ပူးပေါင်းဆောင်ရွက် နိုင်ကြဖို. အများကြီး မျှော်လင့် ပါတယ်။
ဒါမှ မြန်မာ နိုင်ငံ ပို ပြီး ခိုင်မာ တောင့် တင်း အားကောင်းလာနိုင်ခွင့် ၊ ရှင်သန်ခွင့် ရမှာ ဖြစ်တယ်လို. မြင်မိကြောင်းပါ။
SMN