Monday, July 13, 2015

ဒီမိုကရေစီဆိုတော. လည်း
ဒီမိုကရေစီဆိုတော. လည်း....
လူများ ကြိုက်အောင် လုပ်ကြရတာပေါ.။
ဒီမိုကရေစီနိုင်ငံထူထောင်ရာမှာ်ဒေါ်အောင်ဆန်းစုကြည် က သူ. ကို ထောက်ခံဖို. တစ်မတ်ဖိုး ကြိုးစားရင်၊ လက်ရှိအာဏာယူထားတဲ. အစိုးရ က တစ်ရာဖိုးမက ကြိုးစား ရလိမ့်မယ်။
အာဏာ ရယူထားတဲ. သူ ကတစ်ပန်းသာတာ ကို အသုံးမချတတ်တော. အဆများစွာ ကြိုးစားပြပြီး လူထု ရဲ. Genuine စစ်မှန်သော ထောက်ခံမှု ကို ရယူရလိမ့် မယ်။
ဒေါ်အောင်ဆန်းစုကြည် က လက်ထဲ မှာ လုပ်ပိုင်ခွင့်အာဏာ မရှိ ပေမယ့် moral authority ရှိတယ်။ လူထု အများစု က အလိုလို ကြည်ညို မှု ခံနေရတဲ. အာဏာ ကို ရယူထား တယ်။
ဘယ်လိုပဲဖြစ်ဖြစ်
အဲဒီ အာဏာ ၂ ပါး ပေါင်းစည်း လုပ်ကိုင်နိုင်မှ နိုင်ငံ တိုးတက်မယ်။
တစ်ယောက်နဲ.တစ်ယောက် သူငါ ပြိုင်နေရင် နိုင်ငံအတွက်အကျိုးမရှိဘူး။ တစ်ယောက်အကျိုးယုတ်ရာတစ်ယောက်လုပ်နေရင် အရှုံးသမား က ပြည်သူနဲ. နိုင်ငံပဲ။

လက်ရှိအစိုးရမှာပြု ပြင်စရာ၊ လိုအပ်နေတာ၊ ဖြည်းတည်းစရာ၊ သင်ယူစရာတွေ အများကြီးပဲ။
အလားတူပဲ NLD အတွက် သင်ယူစရာ၊ လေ.လာစရာ၊ ထူထောင်စရာ တွေတစ်ပုံ ကြီး ရယ်။
နွား သေးခွက်ထဲ က ဖားငယ်လို စိတ်ထားတွေ ဘယ် ဘက်ကမှ မရှိသင့် ဘူး။
ကျွန်မမဲပေးခွင့် ရအောင်ကြိုးစားနေတယ်။ NLD ကို ပေးမှာပဲ။ အပြောင်းအလဲ လိုချင်လို.။
ဒါပေမယ့် အာဏာ ၂ ပါး တစိယောက်နဲ. တစ်ယောက် လင်လုဖက်တွေလို မဆက်ဆံပဲ၊ ပါရမီ ဖြည့် ဖက်တွေလို ပူးပေါင်းဆောင်ရွက် နိုင်ကြဖို. အများကြီး မျှော်လင့် ပါတယ်။
ဒါမှ မြန်မာ နိုင်ငံ ပို ပြီး ခိုင်မာ တောင့် တင်း အားကောင်းလာနိုင်ခွင့် ၊ ရှင်သန်ခွင့် ရမှာ ဖြစ်တယ်လို. မြင်မိကြောင်းပါ။
SMN

No comments:

Post a Comment