Monday, July 13, 2015

11.07.2015
Say ဆောရီး
မြန်မာ နိုင်ငံတွင်မွေးဖွားကြီးပြင်းလာသူ ဖြစ်သောကြောင့် မြန်မာတို.၏ ဂွကျကျ မာန မျိုး စိုးမြတ်နွယ်တွင်ရှိခဲ.သည်။ ကိုယ်မှားရင်တောင် ဘယ်တော. မှ ဆောရီး ဟု မပြော သည့် မူဝါဒ ဓလေ. စရိုက်တို. နှင့် ကျင်လည် ခဲ. ပြီး တလွဲမာန ရှိခဲ.ဖူးသည်။
မြန်မာ အုပ်ချုပ်သူတို. သည် မာန ကြီး သလောက်တလွဲတွေ များသည်။ အလကားနေရင်း ဘဝင်မြင့် နေသူများ များပြားလေသည်။ ကျိုး နွံ စွာ ကိုယ်မသိသည်ကို သိအောင်ခံယူလိုစိတ်မရှိ၊ မသိလည်း ကျွန်တော်/ကျွန်မ မသိပါဟု ဆို ၍ ဆောရီးပြော လိုစိတ်မရှိ။ ကိုယ်မှားရင်တောင်မမှားသယောင် ရမ်းတုတ်တတ်ကြသည့် ဓလေ.ရှိသည်။
ဆောရီးဟု တလုံးပြောလိုက်ရမှာ ကို သေမလောက်ကြောက်သည်။ အကြီးမှ အငယ်ဆိုလျင်ကားပြောဖွယ်မရှိ။ အဖေတစ်ယောက်က မှားသည်ကို ကိုယ်မှားပါသည်ဟု သားသမီးအားတောင်းပန် ခြင်းမရှိ။ ဝါအားဖြင့် အသက်အားဖြင့်၊ ဂုဏ်အားဖြင့်၊ ရာထူးအားဖြင့် ကြီးနေသူသည် ငယ်သူအား ဆောရီး ပြောရိုး ထုံးစံမရှိသည့် မြန်မာ ပြည်ဖြစ်သည်။
မသိသည်ကို သိသယောင်နှင့် ရမ်းတုတ်၍၊ မှားသည်ကို လူ. အခွင့်အရေးလို သဘောထား၍ ခပ်တည်တည်ဆက်မှားကြသည့်၊ အလကားနေရင်းမာနကြီးတတ်သော ဓလေ. သည် အင်မတန်ဆိုးရွားကြောင်း နိုင်င.ံအပြင်ရောက်မှ၊ သူများ၏ ထုံးတမ်းစဉ်လာတွေနှင့် ထိတွေ.မှ အသေအချာ မြင်တွေ. နားလည် လာရသည်။

စိုးမြတ်နွယ် ၏သား သည် မြန်မာ ပြည်တွင် မကြီး ပြင်း သည့် အတွက်အခြား ကောင်းမွန်သောမြန်မာ.ဓလေ. ယဉ်ကျေးမှု များနှင့် အနီးကပ် မနေရသော်လည်း အသက်၂နှစ်အရွယ်မှ စ၍ ဆောရီး တွင်တွင် ပြောတတ်သလို၊ လူကြီးတွေတစ်ခုခု မှားသည်ဟု ယူဆလျှင် Say Sorry ဟု အသက်၂ နှစ်အရွယ်ကပင် တောင်းဆို တတ်သည်။ အဲဒီအတွက် ဝမ်းသာ ရသည်။ ကိုယ်မှားသည့် အခါတိုင်းဆောရီး ပြောရသည်။
အမှား ပြု သူ သည် အရွယ်မရှိ၊ အမျိုးမရှိ၊ငွေကြေးပမာဏမရှိ၊ ရာထူးမရှိ မှားသူသာ ဖြစ်သည့် အတွက် ဆောရီး ကို နက်ရှိုင်းစွာ ပြော ဆို တောင်းပန်သင့် လေ၏။
ထိုမှမဟုတ်လျှင်ကား အမှန်နှင့် ဝေးကာ အမှားသံသရာ ဆက်လည်ကြဦးမည်သာ ဖြစ်လေသတည်း။
ထို.ကြောင့် Say ဆောရီး ဟု တိုက်တွန်းလိုက်ရပါသည်။
SMN

No comments:

Post a Comment